ကျောက်ကြီး သြဂုတ် ၁၇
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ ယနေ့ နံနက် ၁၀ နာရီတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ စီမံမှုဖြင့် စက်သုံးဆီဆိုင်များတွင် စက်သုံးဆီသိုလှောင် ရောင်းချမှု အခြေအနေအား တာဝန်ရှိသူများကွင်းဆင်း၍ ကြည့်ရှုစစ်ဆေးခဲ့သည်။
စစ်ဆေးမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲတပ်ဖွဲ့မှူး ဦးဆောင်၍ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၊ မြို့နယ်မီးသတ်ဦးစီးဌာနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများလိုက်ပါပြီး၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ စက်သုံးဆီရောင်းချနေသည့် ဆိုင်များတွင် စက်သုံးဆီအမျိုးအစား၊ သတ်မှတ်စျေးနှုန်း မှန်မမှန်နှင့် ချိန်တွယ်ရောင်းချသည့် လီတာ(သို့) ဂါလံ ပြည့်မပြည့်၊ စက်သုံးဆီသိုလှောင်ထားရှိမှု အခြေအနေ၊ ဆီလက်ကျန်ရှိမှုနှင့် စက်သုံးဆီသုံးစွဲမှု အခြေအနေ များကို မြို့နယ်အတွင်းရှိ စက်သုံးဆီရောင်းချနေသည့်ဆိုင်များသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်