ဝါးခယ်မ ဩဂုတ် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် အ.ထ.က(၂)ကျောင်း၌ ယနေ့ နံနက် ၁၁ နာရီအချိန် က လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်ရီရီလွင်၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဝါးခယ်မမြို့နယ်မှ မြို့နယ်အားကစားမှူး ဒေါ်ဖြူနှင်းဖွေး၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးစီးမှူး ဦးအောင်မိုး၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြပြီး ရှေ့ဦးစွာ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံဦးစီးမှူး ဦးအောင်မိုးမှ ကလေးသူငယ်များအား စားသုံရန်မသင့်သည့် အစားအစာများနှင့် ဆိုးဆေးများစွာပါဝင်သည့် အချိုရည်များ၊ ဓာတုဆေးဝါးများအကြောင်း ရှင်းလင်းပြောကြားပြီး အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဝါးခယ်မ မြို့နယ်မှ မြို့နယ်အားကစားမှူး ဒေါ်ဖြူနှင်းဖွေးမှ လူငယ်နှင့်ခေါင်းဆောင်မှု ခေါင်းစဉ်ဖြင့် ဆွေးနွေးရာ ခေါင်းဆောင် တစ်ဦး၏ ရှိသင့်ရှိထိုက်သည့် အရည်အချင်းများ၊ ခေါင်ဆောင်မှု၏ လိုအပ်ချက်များ၊ ခေါင်းဆောင် တစ်ဦး၏ အကျင့်စရိုက်ဆိုင်ရာ ပြည့်စုံရမည့်တန်ဖိုးများ၊ ခေါင်းဆောင်များဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ခေါင်းဆောင်တို့ပြည့်စုံရမည့် နာယကဂုဏ်(၆)ပါး စသည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများမှ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်းနှင့် အားကစား ပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ရီရီလွင်မှ တက်ရောက် လာသည့် ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ကြပါစို့ ခေါင်းစဉ်ဖြင့် ဆွေးနွေးရာ စာပေဖတ်ရှုလေ့လာ ခြင်းသည် အသိဉာဏ်ပညာဗဟုသုတများစွာ တိုးပွားစေခြင်း၊ လက်တွေ့ဘဝတွင် လက်တွေ့ကျကျအကောင် အထည်ဖော်ဆောင်ရွက်နိုင်ခြင်း၊ အမှား၊ အမှန်ကို ကောင်းစွာဝေဖန်ပိုင်းခြားနိုင်ခြင်း၊ စာပေဖတ်ရှုခြင်းဖြင့် အကျိုးကျေးဇူးများစွာ ရရှိနိုင်ခြင်း အစရှိသည့်အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရ သည်။
ဟိန်းထက်လင်း (ဝါးခယ်မ ပြန်/ဆက်)