ပန်းတနော်မြို့နယ်တွင် ခွေးရူးပြန်ရောဂါ ကာကွယ်ရေးအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ပြုလုပ်

ပန်းတနော် သြဂုတ် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယနေ့ နံနက် ၉ နာရီက ခွေးရူးပြန်ရောဂါ ကာကွယ်ရေးအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဌေးဌေးစိုးက ပြည်သူများအသိပညာဗဟုသုတရရှိစေရန် အသိပညာပေး Talk Show များကို Online မှ တစ်ဆင့် ပြုလုပ် ပေးရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာအောင်သိန်းမြင့်က ခွေးရူးရောဂါ ဆိုတာဘာလဲ၊ တိရစ္ဆာန်မှတစ်ဆင့် ခွေးရူးရောဂါ ကူးစက်နိုင်သည့် နည်းလမ်းများ၊ မိမိအိမ်မွေး တိရစ္ဆာန်(ခွေး၊ ကြောင်)များကို ခွေးရူးရောဂါမဖြစ်အောင် ဘယ်လို ကာကွယ်နိုင်မလဲ၊ ကောင်းမွန်စွာ ကြည့်ရှုစောင့်ရှောက်ခြင်း၊ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ခွေးရူးရောဂါ ဖြစ်နေ သောခွေးတွင် ပြသောလက္ခဏာများ စသည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော် (ပြန်/ဆက်)