မအူပင် ဩဂုတ် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့ ဘိုးဘွားရိပ်သာသို့ ယနေ့ နံနက် ၉ နာရီအချိန်က မအူပင် ဘိုးဘွားရိပ်သာ ဓမ္မာရုံတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီးနိုင်လွင် ဦးဆောင်၍ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တစ်နေ့စာအာဟာရလှူဒါန်းငွေနှင့် ဆန်၊ ဆီများအား ဘိုးဘွားရိပ်သာ စောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်းထံ လွှဲပြောင်းပေးအပ်သည်။
၎င်းနောက် ဗိုလ်ကြီး ဉာဏ်လင်းကျော် ဦးဆောင်သော အဖွဲ့နှင့် မြို့နယ်ကျန်းမာရေးမှူး ဦးဝင်းသိန်း ဦးဆောင်သော အဖွဲ့တို့မှ ဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)