ကျိုက်ဒုံမြို့၊ လူထုအခြေပြုဗဟိုဌာန၌ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာအသိပညာပေး (Talk Show) ဆွေးနွေးပွဲ ကျင်းပ

ကျိုက်ဒုံ ဩဂုတ် ၁၇

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယနေ့နံနက ၁၀ နာရီက မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ကျင်းပသည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျိုက်ဒုံမြို့ဦးစီးမှူး ဦးကျော်လင်းနိုင်နှင့် စာကြည့်တိုက်မှူးဒေါ်နန္ဒာလှိုင်တို့မှ မသန်စွမ်းသူများကြုံတွေ့နေရသည့် အတားအဆီးများ၊ မြန်မာနိုင်ငံတွင် မသန်စွမ်းသူများ၏ အခွင့်အရေးရေရှည်တည်တံခိုင်မြဲရေး ဆောင်ရွက်ချက်များ၊ ကမ္ဘာ့မသန်စွမ်းဦးရေ၊ မသန်စွမ်းနေ့များစသည့် သိကောင်းစရာ အကြောင်းအရာများကို အကျယ်တစ်ဝင့် အပြန်အလှန်ဆွေးနွေးခဲ့သည်။

အဆိုပါ အသိပညာပေး (Talk Show) ဆွေးနွေးပွဲအား ပြည်သူများ အလွယ်တကူ လေ့လာသိရှိနိုင်စေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၏ We Love Kyaikdon Page တွင် လွင့်တင်ဖော်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

သန်းထွန်းနိုင်(ကျိုက်ဒုံ)