သံတောင်ကြီး ဩဂုတ် ၁၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်း၏ အကျိုးကျေးဇူး သိရှိစေရန်လူငယ်လူရွယ်များ အကောင်းအဆိုးအမှားအမှန်နှင့် အသိပညာဗဟုသုတကြွယ်ဝလာစေရန်ရည်ရွယ်ပြီး (Book Club /Youth Club) အဖွဲ့ဝင်များက စာရေးဆရာမောင်ကျေးဇူး၏ ဘဝနေတတ်မှုအနုပညာ စာအုပ်အားယနေ့နံနက် (၁၀)နာရီအချိန်က သံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည်တိုက် Community Centre ခန်းမ၌ စာဖတ်ဝိုင်း ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သံတောင်ကြီးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနော်လော်မူက စာဖတ်ဝိုင်းပြုလုပ်ရခြင်းရည်ရွယ် ချက်များရှင်းလင်းပြောကြားပြီး စောလွင်မိုးကျော် (Book Club) အဖွဲ့ဝင် ကစာအုပ်ပါအကြောင်းအရာတွင်ခေါင်းစဉ်ငယ်ဖြစ်သည့် ဘဝခရီးအထမြောက်အောင်မြင်မှု အနုပညာ၊ ကိုယ်ထိလက်ရောက် လုပ်ရှားဆောင်ရွက်မှုအနုပညာ၊ စိတ်နေမြင့်မားစွန်းစားမှုအနုပညာ၊ အကြားအမြင်များ အသိတရားတိုးတက်စေမှုအနုပညာ စသည်တို့ကိုဖတ်ကြားဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး နော်ကစယ်ဖော (Youth Club) အဖွဲ့ဝင်က လူချမ်းသာဖြစ်စေမှုအနုပညာ၊ လူဖြစ်ရ ကျိုးနပ်စေသောလောကအမြင်၊ သင်ကိုယ်တိုင်ပင်လျှင် သင့်ဘဝ၏ အရှင်သခင်စသည့်အကြောင်းအရာများကို ဖတ်ကြားဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် (BookClub/ YouthClub) အဖွဲ့ဝင်များက စာအုပ်ပါ အကြောင်းအရာများကို အပြန်အလှန်ဖတ်ကြားဆွေးနွေးခဲ့ကြောင်း သိရသည်။
နော်လော်မူ