မိုးညို ဩဂုတ် ၁၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာန၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ တို့ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်စန္ဒာလင်းက ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်နှင့် ပြိုင်ပွဲစည်းမျဉ်းများကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ကဗျာရွတ်ဆိုပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ရာ အလက (ခွဲ)တောင်ပိုင်းကျောင်းမှ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၉) ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိသည့်ပြိုင်ပွဲဝင် ကလေးငယ်များအား ဒေါ်စန္ဒာလင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး အမျိုးသမီးရေးရာအဖွဲ့မှ ဝင်ရောက်ယှဉ်ပြိုင်သူ ကလေးငယ်များအား ကျောင်းသုံး ဗလာစာအုပ်များ ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် ပြပွဲတွင်ပြသထားသည့် စာအုပ်စာစောင်များ နံရံကပ်စာစောင်များနှင့် ပြည်သူ့စာကြည့်တိုက်ကလေး စာဖတ်ခန်းတွင်းရှိ စာအုပ်စာစောင်များအား ပြိုင်ပွဲဝင် ကလေးငယ်များ၊ မိဘများနှင့် မြို့နယ်အမျိုးသမီးအဖွဲ့ဝင်များက ဝင်ရောက်ကြည့်ရှု လေ့လာခဲ့ကြောင်း သိရသည်။
ကိုမင်း (ပြန်/ဆက်)