ဘိုကလေးမြို့နယ် ကြေးတိုင်အင်းများအတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကျင်းပ

ဘိုကလေး ဩဂုတ် ၁၇

ငါးရိက္ခာဖူလုံမှုရှိစေ‌ရေး၊ ငါးသယံဇာတ ပေါများကြွယ်ဝစေ‌ရေးနှင့် အင်းများအတွင်း ငါးထုတ်လုပ်မှု တိုးတက် စေရေးကို ရည်ရွယ်ကာ ကြေးတိုင်အင်းသားကြီးများမှ ယနေ့ နံနက်(၉)နာရီခွဲအချိန်၌ ဧရာဝတီတိုင်း‌ဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနနှင့်  ပူးပေါင်းကာ ဘိုကလေးမြစ်‌ရေပြင်၊ ဘိုကလေး-ရန်ကုန်-မော်ကျွန်း သုံးဂွဆိုင် မြစ်ဝနှင့် ကြေးတိုင်အင်းများအတွင်းသို့  ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနား ကျင်းပသည်။

အဆိုပါ အခမ်းအနားသို့ ဖျာပုံခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးကိုကိုလွင်၊ ဘိုကလေးမြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ နှစ်ရှည်အငှားဂရမ် (ကြေးတိုင်) စိစစ်ရေးကော်မတီအဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့နယ် ငါးလုပ်ငန်းဦးစီးဌာန ဝန်ထမ်းများနှင့် ကြေးတိုင် အင်းသားကြီးများ၊ စုစုပေါင်းအင်အား (၇၀)ဦးခန့်  တက်ရောက်ကြပြီး (၃)လက်မအရွယ် ငါးတန်ငါးမျိုး ကောင်ရေ(၇၅၀၆၈၀)ကောင် အား စိုက်ထည့်ခဲ့ကြကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)