ဘားအံ ဩဂုတ် ၁၇
ကရင်ပြည်နယ် ဘားအံမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေး တိုးတက်မြင့်မားလာစေရန်၊ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိလာစေရန် ရည်ရွယ်၍ကာယ၊ ဉာဏပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကာယ၊ ဉာဏဖွံ့ဖြိုးစေမည့်ပြိုင်ပွဲများကို ကျင်းပပေးခြင်းဖြင့် ကျောင်းသား/သူများ ကျောင်းစာတွင်သာမက ကာယ၊ ဉာဏဖွံ့ဖြိုးပြီး စာကြည့်တိုက်တွင် ပျော်ရွှင်စေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်လာစေရန်အတွက် အလယ်တန်းအဆင့်ကျောင်းသား/ သူ(၃၀)ဦး တို့က စစ်တုရင်ပြိုင်ပွဲ၊ ခြင်းထဲသို့ဘောလုံးပစ်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ ရေပေါ်ဘောလုံးမှုတ် ပြိုင်ပွဲနှင့် ခုံလုပြိုင်ပွဲတို့ကို ပျော်ရွှင်စွာ ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို တာဝန်ရှိသူများက အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)