စုကလိမြို့တွင် အလယ်တန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

စုကလိ သြဂုတ် ၁၆

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ရုံးအနေဖြင့် ကလေးငယ်များအား စာကြည့်တိုက်ကို အသုံးချတတ်စေရန်၊ ဗဟုသုတရှာဖွေတတ်ကြစေရန်နှင့် ကျောင်းသားလူငယ်များအား ပြိုင်ပွဲများတွင် အလေထားဂရုတစ်စိုက် ယှဉ်ပြိုင်တတ်ကြစေရန်စသော ရည်ရွယ်ချက်များဖြင့် ယနေ့နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက်တွင် ဒို့ကျေးရွာဂျာနယ်၌ စာရေးဆရာချစ်နိုင်(စိတ်ပညာ)ရေးသားထားသည့် တိကျမြန်ဆန်မှန်ကန်ပါစေ ဆောင်းပါးဖြင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ အားကျင်းပပြုလုပ်ခဲ့ပါသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စုကလိမြို့ရုံးမှ စာကြည့်တိုက် လက်ထောက်-၃ ဒေါ်ပိုပိုအောင် ကပြိုင်ပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး စုကလိမြို့ အခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား/ ကျောင်းသူ (၁၀)ဦးတို့ကပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီးနောက်၊ ပြိုင်ပွဲတွင် စာအထားအသို၊ အဖြတ်အတောက်အမှန်ကန်ဆုံးနှင့် အသံထွက်အကောင်းဆုံး ကျောင်းသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

ပိုပိုအောင်