ရေဖြူမြို့နယ်တွင် စားသုံးသူကာကွယ်‌ရေးအကြောင်းသိ‌ကောင်းစရာ အသိပညာပေးဟောပြောပွဲပြုလုပ်

ရေဖြူ ဩဂုတ် ၁၆

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်‌ရေးဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေးအကြောင်းသိကောင်းစရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီက ရေဖြူမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးထင်အောင်ကျော်က စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်နှင့်ရည်မှန်းချက်များ၊ စားသုံးသူများလုံခြုံစိတ်ချမှုရှိစေရန် ဆောင်ရွက်ပေးမည့်အချက်များ၊ စားသုံးသူအခွင့်အရေး(၇)ရပ်အကြောင်းကို ရှင်းလင်းဟောပြောကာ တက်ရောက်လာသူများက အပြန်အလှန်ဆွေးနွေးမေးမြန်းခဲ့‌ကြောင်း သိရသည်။

ခတ္တာ