စုကလိမြို့တွင် မသန်စွမ်းသူများကူညီစောင့်ရှောက်ပေးရေးအသိပညာပေးTalk Show ပြုလုပ်

စုကလိ သြဂုတ် ၁၆

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့တွင် အများပြည်သူများအား အသိပညာပေးလုပ်ငန်းတစ်ရပ်ဖြစ်သည့် Talk Show အား ယနေ့နံနက် ၁၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စုကလိမြို့ရုံးတွင် မသန်စွမ်းသူများအား ကူညီစောင့်ရှောက်ပေးရေးခေါင်းစဉ်ဖြင့်ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စုကလိမြို့ရုံးမှ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ပိုပိုအောင်က မသန်စွမ်းသူများအား ဘယ်လိုကူညီစောင့်ရှောက်ပေးကြမလဲ၊ မသန်စွမ်းသူများနှင့် မည်သို့ဆက်သွယ်နိုင်မလဲ၊ မွေးရာပါမသန်စွမ်းသူများ အား ကူညီပေးရာတွင် မည်သို့မည်ပုံဆောင်ရွက်နိုင်မည်နည်း၊ ဘာသာစကားဆက်သွယ်ချက်၊ ကူညီပေးနိုင်မည့်စက်ပစ္စည်းများ၊ ယာဉ်များအကြောင်းတို့ကို ဆွေးနွေးပေးခဲ့ပြီး၊ အငယ်တန်းစာရေး(အင်အားပြ)ဦးကိုကိုအောင်က နိုင်ငံတကာမှ မသန်စွမ်းသူများအား ကူညီဆောင်ရွက်ပေးပုံများ၊ လူမှုရေးပိုင်းတွင်လည်း အားငယ်ဖို့မလိုစေရန်နှင့် မသန်သော်လည်းစွမ်းရမည် ခေါင်းစဉ်နှင့်အညီ ကြိုးစားနေထိုင်ခြင်းဖြင့် ဂုဏ်ယူနိုင်ပါကြောင်းတို့ကို ဆွေးနွေးပေးခဲ့သည်။

ထိုဆွေးနွေးပွဲအား We Love Sukali Page တွင် အချိန်နှင့်တစ်ပြေးညီ ထုတ်လွင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပိုပိုအောင်