လပွတ္တာခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ဂန္တဝင်စာပေအကြောင်း သိကောင်းစရာ Talk Show ကျင်းပ

လပွတ္တာ ဩဂုတ် ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန (Community Centre)၌ ဂန္တဝင်စာပေအကြောင်း သိကောင်းစရာ Talk Show ကို ယနေ့  နံနက် (၁၃)အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး Talk Show အစီအစဉ်တွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မူမူသွင်က ဂန္တဝင်စာပေနှင့်ပတ်သက်၍ ပြည်သူများသိရှိနိုင်စေရန် မေးခွန်းများ မေးမြန်းရာ လက်ထောက် ညွှန်ကြားရေးမှူး ဦးတင်မောင်ဦးက ဂန္တဝင်စာပေဆိုသည်မှာ ခေတ်အဆက်ဆက် မှတ်တမ်းတင်ခံရသော စာပေဟု အဓိပ္ပါယ်ဖွင့်ဆိုထားကြောင်း၊ ဂန္တဝင်စာပေဟူ သတ်မှတ်ရန်အတွက် အချက်(၁၁)နှင့် ကိုက်ညီမှုရှိရန် လိုကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

လပွတ္တာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူ့များ သိသင့်သိထိုက်သော အသိပညာပေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ Talk Show အစီအစဉ်များကို လစဉ်ပုံမှန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လပွတ္တာခရိုင် (ပြန်/ဆက်)