ကျောက်တံခါးမြို့နယ်တွင် တိုက်ပွဲရှောင်လာသော အိမ်ထောင်စုများမှ မူလတန်းအရွယ် ကျောင်းသားကျောင်းသူများအား ကျောင်းဝတ်စုံ ထောက်ပံ့ပေးအပ်

ကျောက်တံခါး  ဩဂုတ်  ၁၆

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ကညင်ကျိုးကျေးရွာအုပ်စုအတွင်းသို့ တိုက်ပွဲရှောင်လာသော အိမ်ထောင်စုများမှ မူလတန်းအရွယ် ကျောင်းသားကျောင်းသူများအား  ကျောင်းဝတ်စုံများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညွန့်ဆွေ က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြတ်မင်းထက်က ထောက်ပံငွေပေးအပ်ရခြင်းအကြောင်းအား ရှင်းလင်းပြောကြားသည်။

ဆပ်လက်၍ ကညင်ကျိုးကျေးရွာအုပ်စုအတွင်းသို့ တိုက်ပွဲရှောင်လာသော အိမ်ထောင်စုများမှ မူလတန်းအရွယ် ကျောင်းသား (၁၇)ဦး၊ ကျောင်းသူ (၂၃)ဦး စုစုပေါင်း (၄၀)ဦးအတွက် ကျောင်းဝတ်စုံ (၄၀)ထည်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ တာဝန်ရှိသူများမှ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)