ဝါးခယ်မမြို့နယ် အ.ထ.က(ခွဲ) အ.လ.က(၁) ရွာသစ် ကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

ဝါးခယ်မ ဩဂုတ် ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် အ.ထ.က(ခွဲ) အ.လ.က(၁) ရွာသစ်ကျောင်း၌ ယနေ့နံနက် ၁၁ နာရီခွဲအချိန်တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်ရီရီလွင်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝါးခယ်မမြို့နယ်မှ မြို့နယ်အားကစားမှူး ဒေါ်ဖြူနှင်းဖွေး၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးစီးမှူး ဦးအောင်မိုး၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြပြီး‌ ရှေ့ဦးစွာ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးစီးမှူး ဦးအောင်မိုးမှ ကလေးသူငယ်များအား စားသုံရန်မသင့်သည့် အစားအစာများနှင့် ဆိုးဆေးများစွာပါဝင်သည့် အချိုရည်များ၊ ဓာတုဆေးဝါးများအကြောင်း ရှင်းလင်းပြောကြားပြီး မြို့နယ်အားကစားမှူး ဒေါ်ဖြူနှင်းဖွေးမှ အားကစား၏ အနက်အဓိပ္ပါယ်ကို ရှင်းလင်းပြောကြားကာ အားကစား(၄)မျိုးအကြောင်း ကျောင်းသား၊ ကျောင်းသူများနှင့် အပြန်အလှန်ဆွေးနွေးကြပြီး အားကစားပစ္စည်းများ ပေးအပ်ခဲ့ကြောင်းသိရသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ရီရီလွင်မှ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ကြပါစို့ ခေါင်းစဉ်ဖြင့် ဆွေးနွေးရာ စာပေဖတ်ရှုလေ့လာခြင်းသည် အသိဉာဏ်ပညာဗဟုသုတများစွာ တိုးပွားစေခြင်း၊ လက်တွေ့ဘဝတွင် လက်တွေ့ကျကျ အကောင်အထည်ဖော်‌ ဆောင်ရွက်နိုင်ခြင်း၊ အမှား၊ အမှန်ကို ကောင်းစွာ ဝေဖန်ပိုင်းခြားနိုင်ခြင်း အစရှိသည့် အကြောင်းအရာများအား အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်းနှင့် အ.ထ.က(ခွဲ) အ.လ.က(၁) ရွာသစ် ကျောင်းမှ ဆရာမ ဒေါ်အေးအေးမြင့်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ဟိန်းထက်လင်း (ဝါးခယ်မ ပြန်/ဆက်)