မင်းလှမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ လူငယ်တွေ စဉ်းစားဖို့စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

မင်းလှ ဩဂုတ် ၁၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် Community Center ခန်းမ၌ ပြည်သူများအသိပညာ၊ ဗဟုသုတရရှိစေရန်အတွက်  လူငယ်တွေ စဉ်းစားဖို့စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နေ့လယ် ၁ နာရီချိန်က ပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာအောင်က လစဉ်စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်ကိုပြောကြားပြီး၊ မြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က စာရေးဆရာ အောင်ကိုဦးရေးသားသည့် လူငယ်တွေစဉ်းစားတတ်ဖို့စာအုပ်မှ အခန်းကဏ္ဍပါ အကြောင်းအရာများကို ဆွေးနွေးပြောကြားသည်။

စာဖတ်ဝိုင်းဆွေးနွေးပွဲသို့  မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင်များနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး  အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်ကာ ဆွေးနွေးဆောင်ရွက်ခဲ့သည်။

ပြည်သူများဗဟုသုတများရရှိစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ဝိုင်းများကို လစဉ်အရှိန်ဟုန်မြှင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးထံမှ သိရသည်။

ပေါက်စ(မင်းလှ)