အိမ်မဲမြို့နယ် အလက(ခွဲ) လက်ပံကုန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

အိမ်မဲ ဩဂုတ် ၁၆

နိုင်ငံတော်မှ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတကာနှင့် အညီ ပညာရေးကဏ္ဍကို အထူး အလေးပေးဖော်ဆောင်ပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပစာပေ ဗဟုသုတ များ ကြွယ်ဝစေရန်၊ လူငယ်လူရွယ်ကျောင်းသား၊ ကျောင်းသူများအား ဘက်စုံထူးချွန်ဖွံ့ဖြိုးတိုးတက်စေရေး၊ ဘဝရည်မှန်းချက်ပန်းတိုင်များ ကောင်းမွန်စွာ လျှောက်လှမ်းနိုင်ကြစေရန် ရည်ရွယ်ချက်တို့ဖြင့် ယနေ့ နံနက် (၁၁)နာရီက အိမ်မဲမြို့နယ် ရေသိုးညောင်ဝိုင်းကျေးရွာအုပ်စု အလက(ခွဲ) လက်ပံကုန်းကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ဆောင်ရွက် ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် အလက(ခွဲ) လက်ပံကုန်းကျောင်းအုပ်ဆရာမကြီး (တာဝန်ခံ) ဒေါ်စန်းစန်းဌေးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က လူငယ်နှင့် ရည်မှန်းချက်၊ လူငယ်နှင့် အကျင့်စာရိတ္တ ကောင်းမွန်ရေး၊ လူငယ်နှင့် စာဖတ်ခြင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်အိအိမျိုးက လူငယ်နှင့် အားကစားခေါင်းစဉ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ဝေဝေထွန်းက ကလေးသူငယ်အခွင့်အရေးခေါင်းစဉ်၊ စာသုံးသူရေးရာဦးစီး ဌာနမှ မြို့နယ်တာဝန်ခံ ဦးလေးလွင်က စားသုံးရန်မသင့်သည့် အစားအစာများ၊ ကုန်ညွှန်းအမှတ်အသား ခေါင်းစဉ်များဖြင့် အသီးသီးဟောပြောခဲ့​ကြကြောင်း သိရသည်။

ဆက်လက်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့် အလေ့အထကောင်းများ ရရှိစေရန် စာဖတ်ဝိုင်းများ ပြုလုပ်ပေးခဲ့ပြီး လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် သိကောင်းစရာ အသိ ပညာပေး နံရံကပ်စာစောင်များကို ပြသထားရှိရာ ဆရာ/မများနှင့် ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဆက်လက်ပြီး မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ်တာန်ခံ ဒေါ်အိအိမျိုးက ကျောင်းသားကျောင်းသူများ ကျန်းမာကြံ့ခိုင်စေရေးအတွက် Myanmar Fitness Dance အကဖြင့် လေ့ကျင့်သင်ကြားပေးခဲ့ရာ ကျောင်းသားကျောင်းသူများ ပျော်ရွင်စွာ လိုက်ပါကစားခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲသို့‌ အလက(ခွဲ) က်ပံကုန်းကျောင်းမှ ဆရာဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ (၃၀၀)ဦးကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

ချစ်သက်လယ်(အိမ်မဲ)