ဆိပ်ဖြူ ဩဂုတ် ၁၆
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်၌ စက်သုံးဆီများအား သိုလှောင်မှုပြုပြီး သတ်မှတ်ဈေးနှုန်များအတိုင်း ရောင်းချခြင်း ရှိ/မရှိ ဩဂုတ်လ ၁၅ ရက်ညနေ ၄ နာရီက စက်သုံးဆီအရောင်းဆိုင်များအား ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့သည်။
အဆိုပါလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူနေမျိုးနှင့် အဖွဲ့ဝင်များက ဒေသခံပြည်သူများ၏ စိုက်ပျိုးရေး၊ ခရီးသွားလာရေးလုပ်ငန်းများအတွက် ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည့် စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီများ သိုလှောင်မှုပြုလုပ်ပြီး သတ်မှတ်ဈေးနှုန်းများနှင့်အညီ ရောင်းချပေးခြင်း ရှိ၊ မရှိနှင့် ဒေသတွင်းစက်သုံးဆီ ပြတ်လပ်မှုမရှိစေရေး၊ စက်သုံးဆီသိုလှောင်ထားရှိမှု အခြေအနေနှင့် မီးဘေးအန္တရာယ်ကင်းရှင်းရေးဆောင်ရွက်ထားရှိမှု လုပ်ငန်းများ ကြည့်ရှုစစ်ဆေးခဲ့ပြီး စက်သုံးဆီဖြန့်ဖြူးရောင်းချသူများအနေဖြင့် မိမိတို့အကျိုးစီးပွားမျှော်လင့်၍ စက်သုံးဆီလက်ကျန်နည်းပါးခြင်း ဆီပြတ်လပ်နေသည်ဆိုကာ အကန့်အသတ်ဖြင့် ရောင်းချခြင်း၊ သတ်မှတ်ဈေးနှုန်များ ထက်တိုးမြှင့်ရောင်းချခြင်းများ မပြုလုပ်စေရေးတို့ကို လိုက်နာဆောင်ရွက်သွားကြရန် စက်သုံးဆီ ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
စိုးလင်းနိုင်(IPRD)