ကျွန်းလှ ဩဂုတ် ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းပြီး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီက အင်းကောင်းကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပကြောင်း သိရသည်။
ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြင်လေးက အမှာစကားပြောကြားပြီး မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ အားကစားမှူး ဒေါ်နွယ်နွယ်ထွန်းက ကျောင်းသား၊ ကျောင်းသူများ အားကစားနည်းအလိုက် လေ့ကျင့်ကစားခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးအကြောင်းတို့ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်အားကစားမှူးက ကျောင်းအတွက် ဘောလုံး၊ ပိုက်ကျော်ခြင်းနှင့် ဖူဆယ်ဘောလုံး အားကစားပစ္စည်းများ လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူပြီး Myanmar Fitness Dance အကဖြင့် သရုပ်ပြသခဲ့ကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ