စစ်ကိုင်း ဩဂုတ် ၁၆
စစ်ကိုင်းမြို့တွင် မီးဘေးအန္တရာယ် မဖြစ်ပွားစေရေး အသိပညာပေးလုပ်ငန်းအဖြစ် လက်တွေ့မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြသဆောင်ရွက်ခြင်းကို ဩဂုတ်(၁၆)ရက်၊ နံနက်ပိုင်းက စစ်ကိုင်းပညာရေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမရှေ့တွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
လက်တွေ့မီးငြှိမ်းသတ်ခြင်း သရုပ်ပြပွဲတွင် စစ်ကိုင်းမြို့နယ်၊ မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်မြင့်ဟန်က မီးလောင်မှုဖြစ်ပွားရခြင်း အကြောင်းရင်းများအား ရှင်းလင်းဆွေးနွေးပြီး မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ရန် ဆောင်ရွက်ပုံအဆင့်ဆင့်တို့ကို လက်တွေ့ပြသပေးကာ မအီးသတ် တပ်ဖွဲ့ဝင်များက ဆီမီးလောင်ခြင်းကို ရေစိုအဝတ်ဖြင့် ဖုံးအုပ်ကာ မီးငြှိမ်းသတ်ခြင်း၊ မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်နည်းများကို လက်တွေ့ပြသပေးရာ ကျောင်းသား/ ကျောင်းသူများက လက်တွေ့မီးငြိမ်း သတ်ခဲ့ကြကြောင်း သိရသည်။
စစ်ကိုင်းမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မီးငြှိမ်းသတ်နည်း လက်တွေ့ပြသဆောင်ရွက်ခြင်းများကို မြို့ပေါ်ရှိဈေးများ၊ စာသင်ကျောင်းများ ပြည်သူ့ဆေးရုံများနှင့် ဌာနဆိုင်ရာများကိုလည်း သွားရောက်၍ မီးငြှိမ်းသတ်နည်း ဆက်လက်ပြသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်မြင့်နိုင်
စစ်ကိုင်းခရိုင် (ပြန်/ဆက်)