ဘားအံ ဩဂုတ် ၁၆
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကရင်ပြည်နယ်၊ ဘားအံခရိုင် လူထုအခြေပြုဗဟို ဌာန(Community Centre)ခန်းမတွင် ကလေးသူငယ်အခွင့်အရေးနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အသိပညာပေးဆွေးနွေးပွဲ Talk Show တွင်ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခက်ခက်လွင်က အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီးနောက် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းလှိုင်က ကလေးအလုပ်သမားပပျောက်ရေးလုပ်ငန်းနှင့်ပတ်သက်၍ တာဝန်ယူဆောင်ရွက်နေမှုများ၊ ကလေးသမား၏အဓိပ္ပါယ်၊ အလုပ်လုပ်သောကလေးနှင့် ကလေးအလုပ်သမားကွဲပြားမှု၊ မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးကော်မတီဖြစ်ပေါ်လာပုံ၊ ကော်မတီ၏ရည်မှန်းချက်များ၊ ကလေးအလုပ်သမားဖြစ်ပေါ်လာပုံ၊ ကလေးများအတွက်အန္တရာယ်ရှိသောအလုပ်များ၊ ကလေးအလုပ်သမားပပျောက်ရေးအတွက် ကော်မတီ(၈)ခုဖွဲ့စည်း၍ ဆောင်ရွက်နေမှုအခြေ အနေများ စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ကလေးသူငယ်အခွင့်အရေးနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဆွေးနွေးသည့် အကြောင်းအရာများကို ကရင်ပြည်နယ်၊ ကရင်စာပေနှင့်ယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေးအသင်း အတွင်းရေးမှူး ဒေါ်နန်းမြင့်တင်က ပိုးကရင်ဘာသာဖြင့် ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)