ပခုက္ကူမြို့နယ်၌ ရေဘေးသင့်ပြည်သူများအား အိမ်ဆောက်ပစ္စည်းဖိုးနှင့်ဆန်ရိက္ခာဖိုးများ ထောက်ပံ့ပေးအပ်

ပခုက္ကူ  ဩဂုတ် ၁၆

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊လေးလံကျွန်းကျေးရွာနှင့် မြင်းကျွန်းကျေးတို့တွင် ဧရာဝတီမြစ်ရေတိုက်စားပြီး ကမ်းပါးပြိုကျမှုတို့ကြောင့် ပြောင်းရွှေ့ခဲ့ရသည့် ရေဘေးသင့်ပြည်သူများထံ ပခုက္ကူခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက အိမ်ဆောက်ပစ္စည်းဖိုးနှင့်ဆန်ရိက္ခာဖိုးများကို ယမန်နေ့ နံနက်၁၀နာရီခွဲအချိန်က ထောက်ပံ့ပေးအပ်ကြကြောင်း သိရသည်။

ဧရာဝတီမြစ်ရေတိုက်စားပြီး ကမ်းပါးပြိုကျမှုတို့ကြောင့် ပြောင်းရွှေ့ခဲ့ရသည့် ပခုက္ကူမြို့နယ်၊ ကွန်းရွာကျေးရွာအုပ်စု၊ လေးလံကျွန်းကျေးရွာရှိ အိမ်ထောင်စု(၃၅)စု၊ လူဦးရေ(၁၃၀)ဦးနှင့် မြင်းကျွန်းကျေးရွာရှိ အိမ်ထောင်စု(၂၁)စု၊ လူဦးရေ(၈၅)ဦး၊ စုစုပေါင်းအိမ်ထောင်စု(၅၆)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ်(၅၆၀၀၀၀၀)နှင့် ရေဘေးသင့်ပြည်သူဦးရေ (၂၁၅)ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေကျပ် (၄၅၁၅၀၀)တို့ကို ပခုက္ကူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုး၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနခရိုင်ဦးစီးမှူး ဒေါ်ခင်သန္တာရွှေနှင့် တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)