ကြာအင်းဆိပ်ကြီးမြို့နယ်တွင် မူးယစ်ဆေးဝါးအသိပညာပေး နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြသ

ကြာအင်းဆိပ်ကြီး ဩဂုတ် ၁၆

မူးယစ်ဆေးဝါးအသိပညာပေး နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲ အကြောင်းအရာကိစ္စရပ်များနှင့်ပတ်သက်၍ အများပြည်သူများအနေဖြင့် လေ့လာသိရှိမှတ်သားနိုင်စေရေးအတွက် ခင်းကျင်းပြသခြင်းကို ယနေ့နံနက်ပိုင်းက ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)  ခန်းမရှေ့ရှိ နံရံကပ်ဘုတ်၌ ပြုလုပ်ပြသခဲ့ကြောင်း သိရသည်။

အဆိုပါ နံရံကပ်စာစောင်နှင့် ဓာတ်ပုံများတွင် မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာများနှင့်ပတ်သက်၍ ကျန်းမာရေးဆိုးကျိုးများ စိတ်မတည်မငြိမ်ဖြစ်ခြင်း၊ ရူးသွပ်ခြင်းနှင့် အသက်အန္တရာယ် စိုးရိမ်ထိခိုက်နိုင်မှု စသည့်အကြောင်းအရာများ မူးယစ်ဆေးဝါး တရားမဝင်ရောင်းဝယ်မှုနှင့် လက်ဝယ်ထားရှိမှု ဥပဒေဆိုင်ရာဖမ်းဆီးအရေးအယူခံရမှုဥပဒေပြဋ္ဌာန်းချက် ပြစ်မှုပြစ်ဒဏ်များ စသည့်အကြောင်းအရာများအား အများပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်မောင်မယ်များအနေဖြင့် လေ့လာကြည့်ရှုမှတ်သား သိရှိရှောင်ရှားနိုင်စေရေးအတွက် အသိပညာပေး ခင်းကျင်းပြသပေးထားကြောင်း သိရသည်။

မျိုးမင်းဦး ပြန်/ဆက်