ရှမ်းရွာသစ် သြဂုတ် ၁၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်းမတွင် ယနေ့နံနက်(၉)နာရီအချိန်က ကျောင်းသား၊ကျောင်းသူများ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျန်းမာကြံ့ခိုင်စေရန်အတွက်အား ကစားပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲများကိုကျင်းပပေးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများကျောင်းစာတွင် သာမကအဖက်ဖက်တွင် ထူးချွန်သောကလေးများဖြစ်လာစေရန်ရည်ရွယ်၍ မူလတန်းအဆင့် ကျောင်းသား/သူ(၂၀)ဦးတို့က ဘိုလိမ်းပစ် ပြိုင်ပွဲနှင့်စာအုပ်ရွက်ပြိုင်ပွဲတို့ကို စိတ်ဝင်စားစွာယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကိုတာဝန်ရှိသူများက ဆုချီးမြှင့်ပြီးအာဟာရဖြစ်စေရန် မုန့်များကျွေးမွေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)