သာယာဝတီမြို့နေ ပြည်သူများအတွက် သက်သာသောဈေးနှုန်းဖြင့် ဆန်များရောင်းချပေး

သာယာဝတီ ဩဂုတ် ၁၆

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်လမ်းညွှန်မှုဖြင့် သာယာဝတီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စာသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက စားသုံးသူပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ဆန်များရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ရောင်းချရာတွင် မနောသုခဆန် တစ်ပြည်လျှင် ၁၅၀၀ ကျပ်နှုန်းဖြင့် သာယာဝတီမြို့မစျေးလမ်းတွင်လည်းကောင်း၊ မြို့ပေါ်ရပ်ကွက်များအတွင်းသို့ အလှည့်ကျ လှည့်လည်ရောင်းချပေးသွားမည်ဖြစ်ပြီး၊ အဆိုပါရောင်းချရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဟိုနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။

သန့်ဇော်