လဟယ် ဩဂုတ်လ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် ကျောင်ကျန်းမာရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် (၀၉:၀၀)အချိန်လဟယ်မြို့ အခြေခံပညာအထက်တန်းကျောင်း ချယ်ရီခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ဦးနေမင်းသူက အဖွင့်အမှာစကား ပြောကြားပြီး ခန္တီးခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ နန်းမြတ်မြတ်မွှေးက အသိပညာပေး ဟောပြောပွဲဟာ ကျောင်းရက်သတ္တပတ် ကျန်းမာရေးအသိပညာပေးခြင်းဖြစ်ကြောင်း ပြောကြားပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးဟောပြောပါသည်။
ဆက်လက်၍ လဟယ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးဌာနမှ ကျန်းမာရေးမှူး ဒေါ်နှင်းအိရွှေက ခြင်မှတဆင့်ကူးစက်တတ်သော ရောဂါအကြောင်းနှင့်ပတ်သက်၍ ဆွေးနွေးဟောပြောပြီး၊ လဟယ်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနမှ ဆရာမဒေါ်ကြိုင်နီအောင်က မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းကို ဆွေးနွေးဟောပြောသည်။
ထို့နောက် လဟယ်မြို့ အထကကျောင်းအုပ်ဆရာကြီး ဦး၀င်းဇော်ဦးက မိမိတို့ကျောင်းသား/ ကျောင်းသူများ အားအချိန်ပေးပြီး ဟောပြောဆွေးနွေးပေးကြသော ကျန်းမာရေးဌာနနှင့် တာ၀န်ရှိသူများအား ကျေးဇူးတင်ကြောင်းပြောကြားကာ ကျောင်းသား/ ကျောင်းသူများအား သန်ချဆေးတိုက်ကျွေးပြီး ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လဟယ်ပြန်/ဆက်