အုတ်တွင်းမြို့နယ်၌ စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီအမျိုးအစား၊ သတ်မှတ်စျေးနှုန်းနှင့် ချိန်တွယ်ရောင်းချမှုများ မှန်ကန်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

အုတ်တွင်း သြဂုတ် ၁၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် စက်သုံးဆီအမျိုးအစား၊ သတ်မှတ်စျေးနှုန်း မှန်မမှန်နှင့် ချိန်တွယ် ရောင်းချသည့် ဂါလံပြည့်ရောင်းချမှု ရှိ/မရှိ အ‌ခြေအနေများအား ယမန်နေ့ ညနေပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စက်သုံးဆီ အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးရာတွင် အုတ်တွင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအဖွဲ့ဝင်(၁) ဗိုလ်မှူးမြင့်ဇော်၊ အဖွဲ့ဝင်(၂) ဦးတင်ယု၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မင်းအောင်တို့က  အုတ်တွင်းမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင် (၁)ဆိုင်အား 92 (Octane)၊ 95 (Octane)၊ ဒီဇယ် Premiun၊ ဒီဇယ် (ရိုးရိုး)ရောင်းချနေရာတွင် စက်သုံးဆီအမျိုးအစား၊ သတ်မှတ်စျေးနှုန်း မှန်မမှန်နှင့် ချိန်တွယ်ရောင်းချမှု အခြေအ​နေများကို ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)