သဲကုန်း ဩဂုတ် ၁၆
ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ခုဖြစ်သောကြောင့် ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေး စတုတ္ထအကြိမ် (2nd Booster Dose) ထပ်မံထိုးနှံပေးခြင်းနှင့် တတိယအကြိမ် (Booster Dose) ထိုးနှံခြင်းကို မြို့နယ်ပြည်သူ့ဆေးရုံနှင့်ကာကွယ်ဆေးထိုးစုရပ်များ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ထိုးနှံပေးရာတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် တတိယအကြိမ် စုစုပေါင်း(၃)ကြိမ် ထိုးနှံထားပြီး(၆)လ အထက်ရှိသူများ အား ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေး စတုတ္ထအကြိမ် (2nd Booster Dose)ကို ဆက်လက်ထိုးနှံပေးလျက်ရှိသည်။ ထို့အတူ ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ်နှင့် ဒုတိယအကြိမ် (၂)ကြိမ် ထိုးနှံထားပြီး (၆)လအထက်ရှိသူများအား တတိယအကြိမ် (Booster Dose) ထိုးနှံပေးခြင်းနှင့် အသက် (၁၈) နှစ်ပြည့်ပြီး အကြောင်း အမျိုးမျိုးကြောင့် တစ်ကြိမ်တစ်ခါမှ ကာကွယ်ဆေးမထိုးနှံရသေးသူများကိုလည်း (ပထမအကြိမ်) ထိုးနှံပေးလျက်ရှိသည်။
သဲကုန်းမြို့နယ်တွင် အသက်(၅)နှစ်မှ (၁၁)အထိ ကျောင်းသား/သူများတွင် ပထမအကြိမ် (၉၆၂၈)ဦး၊ ဒုတိယအကြိမ် (၉၁၂၇)ဦး၊ အသက်(၁၂)နှစ်မှ(၁၈)အထိ ကျောင်းသား/သူများတွင် ပထမအကြိမ် (၁၄၆၄)ဦး၊ ဒုတိယအကြိမ် (၁၃၁၆)ဦး၊ ကျောင်းနေပြင်ပ အသက်(၁၂)နှစ်မှ (၁၈)ထိ ပထမအကြိမ် (၃၀)ဦး၊ အသက်(၁၅)နှစ်မှ (၁၈)နှစ်အထိ ပထမအကြိမ်(၂၉)ဦး၊ အသက်(၁၈)နှစ်အထက် ပထမအကြိမ် (၉၁၉၁၀) ဦး၊ ဒုတိယအကြိမ် (၈၈၀၃၀)ဦး၊ တတိယအကြိမ် (Booster Dose) ထိုးနှံပြီးသူ (၂၈၁၄၉) ဦးနှင့် စတုတ္ထအကြိမ် (2nd Booster Dose) ထိုးနှံပြီးသူ (၆၃) ဦးရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနက သိရသည်။
မြို့နယ် (ပြန်/ဆက်)