လှိုင်းဘွဲမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအဖွဲ့ စာဖတ်ဝိုင်းပြုလုပ်

လှိုင်းဘွဲ ဩဂုတ် ၁၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအဖွဲ့ (Book Club အသင်း)တို့ ပူးပေါင်း၍ စာရေးဆရာ ဒေါက်တာခင်မောင်ညိုရေးသားသည့် လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည် ဆောက်ခြင်း စာအုပ်ဖြင့် စာဖတ်ဝိုင်းကို  ယနေ့နံနက် ၉ နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။

စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ဒီမွန်ကျော်က ကျောင်းသား၊ကျောင်းသူများအနေဖြင့် မိမိအနာဂတ်အတွက် ရည်ရွယ်ချက်မြင့်မြင့်ထားဗဟုသုတတိုးပွားစေရန်အတွက် စာအုပ်စာပေများကို လေ့လာဖတ်ရှုရမည်ဖြစ်ကြောင်းနှင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်းစာအုပ်ထဲမှ လူငယ်နှင့်အမှားအကြောင်း၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း အဖွဲ့ဝင်များဖြစ်ကြသည့် မယုယုမော်က လူငယ်နှင့်အောင်မြင်ခြင်းအကြောင်း၊ နော်ဧကရီစံက လူငယ်နှင့်စူးစမ်းစိတ်အကြောင်း၊ မောင်မြင့်မြတ်ကိုက လူငယ်နှင့်တာဝန်သိမှု အကြောင်းများကို ဖတ်ကြားခဲ့ပြီး အဖွဲ့ဝင်များမှ ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

စောဖိုးခွါး(ပြန်/ဆက်)