လိပ်သိုမြို့တွင် မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများ ကရင်၊ မြန်မာနှစ်ဘာသာဖြင့် လိုက်လံနှိုးဆော်

လိပ်သို သြဂုတ် ၁၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပညာပေးနှိုးဆော်ခြင်းများကို ယနေ့နံနက် ၈ နာရီအချိန်တွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများက ပေါ်ရပ်ကွက်များအတွင်း Hand Speaker ဖြင့် လှည့်လည်အသိပညာပေးနှိုးဆော်ခဲ့သည်။

ထိုသို့ အသိပညာပေးနှိုးဆော်ရာတွင် ယခုအချိန်၌ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်းအိုမီခရွန် နှင့်ရောဂါပိုးအသစ် BA.4 နှင့် BA.5 ရောဂါပိုးများကိုတွေ့ရှိနေပြီဖြစ်၍ ပြည်သူများအနေဖြင့် ကြိုတင် ကာကွယ်ထားနိုင်ရန်  နှာခေါင်းစည်း (Mask) များကို စနစ်တကျတပ်ဆင်ကြရန်လက်ကိုစနစ်တကျ စက္ကန့်(၂၀) ကြာအောင် ဆေးကြောရန်၊ ကိုယ်ခံစွမ်းအားမြင့်တင်ရန်၊ လူစုလူဝေး နေရာများရှောင်ရှားကြရန်၊ မိမိ၌ သံသယလက္ခဏာရှိသည်ဟု ယူဆရပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်၍ ဆေးကုသမှု ခံယူရန်၊ကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံထားကြရန်၊ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသောရောဂါကြိုတင်ကာကွယ်ရေးအချက်များကို လိုက်နာကြရန် စသည့် အသိပညာပေး နှိုးဆော်မှုများကို ကရင်၊ မြန်မာနှစ်ဘာသာဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လိပ်သို(ပြန်/ဆက်)