နတ်မောက် ဩဂုတ် ၁၆
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) အကောင်အထည်ဖော် ဆောင်ရွက်ရန် ရှင်းလင်းဆွေးနွေးခြင်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ချောင်းနက်ကျေးရွာသို့ သွားရောက်၍ ဆောင်ရွက်ခဲ့သည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာစီမံကိန်း ချေးငွေထောက်ပံ့ပေးလျက်ရှိသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများအနက်မှ နေကြာအပါအဝင် ဆီထွက်သီးနှံစိုက်ပျိုးသော တောင်သူများအား ဦးစားပေး၍ ၎င်းတို့လိုအပ်သည့် မျိုးစေ့၊ သွင်းအားစု နှင့် စိုက်ပျိုးစရိတ်များအတွက် ချေးငွေများအား သက်သာသောအတိုးနှုန်းဖြင့် စီစဉ်ဆောင်ရွက် ပေးသွားမည်ဖြစ်ပြီး၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) အကောင်အထည်ဖော်ဆောင်ရွက်ရန်ချောင်းနက်ကျေးရွာအုပ်စု ချောင်းနက်ကျေးရွာ (Type-1) စီမံကိန်းမတည် ရန်ပုံငွေကျပ်သန်း (၃၀)၊ အိုင်ဇောက်ကျေးရွာအုပ်စု အိုင်ဇောက်ကျေးရွာ (Type-2) စီမံကိန်းမတည် ရန်ပုံငွေကျပ်သန်း(၂၀)၊ ချောင်းနက်ကျေးရွာအုပ်စု တယ်ထပ်ကျေးရွာ (Type-3) စီမံကိန်းမတည် ရန်ပုံငွေကျပ်(၁၀)သန်းဖြင့် စုစုပေါင်းကျေးရွာ(၃)ရွာတွင် စီမံကိန်းမတည် ရန်ပုံငွေကျပ်(၆၀)သန်း အား ငွေကျပ်(၁၀၀)လျှင် အတိုးနှုန်း ပြား ၅၀ ဖြင့်ထုတ်ချေး ပေးသွားမည်ဖြစ်ကြောင်း နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းသူရက ပြောကြားခဲ့သည်။
အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဖြိုးဖြိုး (ပြန်/ဆက်)