ရေကြည်မြို့၌ ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းတူးဖော်

ရေကြည်   ဩဂုတ် ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ အမှတ်(၁)ရပ်ကွက် အောင်ဆန်းလမ်းမကြီးဘေးတွင် ရေစီးရေလာ ကောင်းမွန်စေရေး အတွက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က မြို့အင်္ဂါရပ်နှင့် အညီ အစဉ်အမြဲ သန့်ရှင်းသာယာလှပစေရေးအတွက် မြို့ပြဖွံ့ဖြိုးရေး လုပ်ငန်းများကို အရှိန်အဟုန်မပျက် ကြိုးပမ်းဆောင်ရွက် လျက်ရှိရာ ယမန်နေ့မွန်းလွှဲပိုင်းက မြို့တွင်းရေစီးရေလာကောင်းမွန်ရေးအတွက် ဆောင်ရွက်ထားရှိသော ရေနုတ်မြောင်းများနှင့် ရေဆိုးထုတ်မြောင်းများအား မိုးရာသီကာလ ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရန်နှင့် ပြည်သူများခြင်ကြောင့် ဖြစ်ပွားတတ်သော ရောဂါအန္တရာယ်ကင်းဝေး စေရန်အတွက် ရေနုတ်မြောင်းများအတွင်းရှိ အမှိုက်သရိုက်များနှင့် နုန်းသဲများ ဆယ်ယူရှင်းလင်းရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။ 

အဆိုပါ မြို့သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်စေရေး ကွင်းဆင်းဆောင်ရွက်ရာ၌  မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၏ အနီးကပ်ကြီးကြပ် မှုဖြင့် ဝန်ထမ်းများအဖွဲ့က ရေနုတ်မြောင်းများအတွင်း ပိတ်ဆို့နေသော နုန်းသဲများနှင့် အမှိုက်သရိုက်များ ဆယ်ယူရှင်းလင်းခြင်း ၊ စွန့်ပစ်အမှိုက်များ ကောက်ယူရှင်းလင်း ခြင်းလုပ်ငန်းများကို စနစ်တကျ စုပေါင်းရှင်းလင်း ဆောင်ရွက်ခဲ့ကြပြီး နေ့စဉ်အမှိုက်သိမ်းယာဉ်ဖြင့် မြို့သန့်ရှင်းရေး လုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)