ညောင်လေးပင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းကာ အသိပညာပေး ဟောပြောပွဲကျင်းပ

ညောင်လေးပင် ဩဂုတ် ၁၆

ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ညောင်လေးပင်မြို့နယ်တွင် ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က A.B.M အခြေခံပညာ မူလတန်းလွန်ကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းကာ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နီနီဝင်းမှ ကျောင်းသားကျောင်းသူများအနေဖြင့် သိသင့်သိထိုက်သော ဗဟုသုတရဖွယ် အကြောင်းအရာများအား ဟောပြောခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ယဉ်ယဉ်ထွေးမှ စားသုံးသူအခွင့်အရေးနှင့် စားသုံးသူ၏ အဓိပ္ပါယ်များအား ရှင်းလင်းပြောကြား ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက်‌ အခမ်းအနားသို့ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများအား ဒုတိယဦးစီးမှူး ဒေါ်မိုးစန္ဒာဝင်းမှ ပုံပြင်များပြောပြခဲ့ပြီး ကိုယ်လက်လှုပ်ရှား အားကစားများလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)