တောင်ငူ သြဂုတ် ၁၆
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ ခရိုင်နှင့်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်းကာ ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ခရိုင်ပြန်/ဆက်ဦးစီးဌာန ကလေးစာဖတ်ခန်းအတွင်း မူကြိုအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပသည်။
အဆိုပါ ဆေးရောင်ခြယ်ပြိုင်ပွဲသို့ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း မူလတန်းကြိုကျောင်းမှ မူကြိုအဆင့် ကလေးငယ် ၁၅ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိသည့် ကလေးငယ် သုံးဦးအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။ ယင်းနောက် ခရိုင်ပြည်သူ့စာကြည့်တိုက်၌ ဖွင့်လှစ်ထားသည့် ပြတိုက်ငယ်အတွင်း သမိုင်းကြောင်းဆိုင်ရာ အချက်အလက်များ၊ လက်မှုအနုပညာပစ္စည်းများ၊ ရှေးဟောင်း ပစ္စည်းများ၊ တိုင်းရင်းသားအသုံးအဆောင်များကို ပြိုင်ပွဲဝင်ကလေးငယ်များနှင့်အတူ ခရိုင်နှင့်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဝင်ရောက်ကြည့်ရှု လေ့လာခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်