မြောင်းမြမြို့နယ် ပညာရေးကော်မတီဥက္ကဋ္ဌဖလား ကျောင်းပေါင်းစုံ အသက်(၁၆)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ

မြောင်းမြ သြဂုတ် ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ၂၀၂၂ ခုနှစ် ပညာရေးကော်မတီဥက္ကဋ္ဌဖလား  အသက်(၁၆)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲများကို မြောင်းမြမြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်လျက်ရှိရာ ယမန်နေ့ညနေ (၃)နာရီက  အကြိုဗိုလ်လုပွဲ (Semi Final) ပွဲစဉ်ကို ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။

ယနေ့ပြိုင်ပွဲ Semi Final ပွဲစဉ်၌ အ.ထ.က(တောင်ပေါ်စု)က အ.ထ.က(စခန်းကြီး)အား တစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ တတိယဗိုလ်လုပွဲစဉ် (Bronze Medal Match)ကို အ.ထ.က (စခန်းကြီး)အသင်းနှင့် အ.ထ.က (သိလ္လာ) အသင်းတို့ (၁၇-၈-၂၀၂၂)ရက်နေ့တွင် ယှဉ်ပြိုင် ကစားရမည်ဖြစ်ပြီး၊ ဗိုလ်လုပွဲစဉ်(Final)ပွဲကို အ.ထ.က (တောင်ပေါ်စု)အသင်းနှင့် အ.ထ.က (ငါးမြင်းချောင်း) အသင်းတို့က (၁၈-၈-၂၀၂၂) ရက်နေ့တို့တွင် ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။ ဆုပေးပွဲ အခမ်းအနားကို ဗိုလ်လုပွဲပြီး ဆက်လက်ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဘောလုံးပြိုင်ပွဲကို မြောင်းမြခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးထွန်း၊ မြောင်းမြမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနော်မိုင်လှကြည်နှင့် ဌာနဆိုင်ရာများ၊ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ ပြည်သူများက လာရောက်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။

မြောင်းမြခရိုင်(ပြန်/ဆက်)