သာပေါင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတတ်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ အပတ်စဉ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

သာပေါင်း ဩဂုတ် ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ အပတ်စဉ် လုပ်ငန်းညှိနှိုင်း လဝက် အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်အေးခန်းမ၌ ကျင်းပခဲ့သည်။

ဒေသဖွံ့ဖြိုးတိုးတတ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အတွင်းရေးမှူးမြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူး ကျော်ခိုင်စိုး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးအောင်ကျော်သိန်း၊ အဖွဲ့ဝင်(၂)ဦးကျော်တိုးတို့မှ ဌာနဆိုင်ရာများ အပတ်စဉ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်ပြီး လုံခြုံရေး မပြတ်ဆောင်ရွက်ရန်၊ ပြည်သူ့လုံခြုံရေးအဖွဲ့၊ အဖွဲ့ဝင်များအား တွေ့ဆုံဆွေးနွေး၍ ရပ်ရွာအကျိုးဆောင်ရွက်ရန်၊ အိမ်ထောင်စုပုံစံ ၆၆/၆၊ မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးရေး ကွင်းဆင်းအဖွဲ့များဖြင့် အချိန်မီပြီးစီးရေး ဆောင်ရွက်ရန်၊ စာရင်းဇယားများ မှန်ကန်ရေး အလေးထားဆောင်ရွက်ရန်၊ အပတ်စဉ် စနေနေ့တိုင်း သန့်ရှင်းရေးမပြတ် ဆောင်ရွက်ရန်၊ ကျန်းမာရေး၊ ပညာရေးကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ ဆောင်ရွက်ရန်တို့ကို ဆွေးနွေးမှာကြားပြီး ပြန်လည်ဆွေးနွေးတင်ပြမှုများအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မျိုးဇော်သိန်း

သာပေါင်း (ပြန်/ဆက်)