ဓနုဖြူ ဩဂုတ် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် တရားမဝင်ကုန်စည်များ သယ်ဆောင်ခြင်း မရှိစေရေးနှင့် စက်သုံးဆီမပြတ်လတ်စေရန် လက်ကျန်အခြေအနေတို့အား ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နေ့လည်ပိုင်းကဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးအောင်ချိုဦး၊ အဖွဲ့ဝင်(၂) ဦးစိန်မောင်ဝင်း၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ဝေအောင်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးဝင်းမင်းစိုး၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ မြို့ဝင်စစ်ဆေးရေးဂိတ်တွင် တရားမဝင် ကုန်စည်များ သယ်ဆောင်ခြင်းမရှိစေရေးနှင့် စက်သုံးဆီအရောင်းဆိုင်များအား PPRD ရည်ညွှန်းဈေးနှင့် ရောင်းချခြင်းရှိ/မရှိ၊ စက်သုံးဆီမပြတ်လတ်စေရန် လက်ကျန်အခြေ အနေတို့အားကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)