ပုလောမြို့၌ ဆရာ/ဆရာမများနှင့် အသက်၁၂နှစ်မှ၁၈နှစ်အထိ ကျောင်းသား/သူများအား Booster ထပ်ဆောင်း ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေး

ပုလော ဩဂုတ် ၁၆

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့၌ ဆရာ/ဆရာမများနှင့် အသက်၁၂နှစ်မှ ၁၈နှစ် ထိကျောင်းသား/သူများအား Booster ထပ်ဆောင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က အမှတ်()အခြေခံပညာ အထက်တန်း ကျောင်း နဝရတ်ခန်းမတွင် ထိုးနှံပေးခဲ့ကြောင်းသိရသည်။

အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးရာတွင် ပုလောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် တာဝန်ရှိသူများ ကြီးကြပ် ၍ ပုလောမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကာကွယ်ဆေးလာရောက်ထိုးနှံသော ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ များအား ကိုယ်ပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းခြင်းများဆောင်ရွက်ပေးပြီး ကျန်းမာရေးကောင်းမွန်သူများအား Booster ထပ်ဆောင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အေးအေးမော်(ပုလော)