လက်ပံတန်းမြို့နေ ပြည်သူများအတွက် သက်သာသောဈေးနှုန်းဖြင့် ဆန်များရောင်းချပေး

လက်ပံတန်း ဩဂုတ် ၁၅

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်လမ်းညွှန်မှုဖြင့် လက်ပံတန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ စာသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက စားသုံးသူပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ဆန်များ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ရောင်းချရာတွင် ဧည့်မထဆန် တစ်ပြည်လျှင် ၁၅၀၀ ကျပ်နှုန်းဖြင့် လမ်းမတော်လမ်း စားသုံးသူရေးရာ ဦးစီးဌာနတွင်လည်းကောင်း လက်ပံတန်းမြို့ပေါ်ရပ်ကွက်များအတွင်းသို့ အလှည့်ကျ လှည့်လည်ရောင်းချပေးသွားမည်ဖြစ်ပြီး၊ အဆိုပါရောင်းချရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)