ခမောက်ကြီးမြို့တွင်  အိုမီခရွန်မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများအား အများပြည်သူသိရှိနိုင်ရေး အသိပညာပေး

ခမောက်ကြီး ဩဂုတ် ၁၅

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ခမောက်ကြီးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနမှ ဝန်ထမ်းများမှ ခမောက်ကြီးမြို့ ဗိုလ်ချုပ်လမ်းမကြီးနှင့် ရပ်ကွက်လမ်းကြားများတွင် ကိုဗစ်၁၉- ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများအား အများပြည်သူသိရှိလိုက်နာနိုင်ရန် အသံချဲ့စက်ဖြင့် ယနေ့နေ့လယ်ပိုင်းက လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။    

ထိုသို့ အသိပေးနှိုးဆော်ရာ၌ ကိုဗစ်-၁၉ ရောဂါသည် မျိုးရိုးဗီဇပြောင်း ကူးစပ်ရောဂါအသွင်ဖြင့် ပြန်လည်ကူးစက်နေပြီဖြစ်သောကြောင့် ကိုဗစ်ကာကွယ်ရေးနည်းလမ်းများအား အများပြည်သူများ သိရှိလိုက်နာနိုင်ရန်အလို့ငှာ အသိပညာပေးဆော်ဩခဲ့သည်။

အဆိုပါ အသိပေးနှိုးဆော်ချက်များတွင် နေအိမ်ပြင်ပသို့ မဖြစ်မနေထွက်ခွာပါက (Mask) နှာခေါင်းစည်း စနစ်တကျတပ်ဆင်ရန်၊ သက်ကြီးရွယ်အိုနှင့် နာတာရှည်ရောဂါ ဝေဒနာသည် များရှိရာ နေအိမ်များသို့ ဝင်ထွက်သွားလာခြင်း ဂရုပြုရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ နေထိုင်ကြရန်၊ လက်ကိုစက္ကန့် (၂၀) ကြာ မကြာခဏ စနစ်တကျဆေးကြောရန်၊ နှာခေါင်း စည်း (Mask) မတပ်ဆင်ထားသော ဈေးရောင်းသူများထံမှ ဈေးမဝယ်ကြပါရန် နှင့် မိသားစုအတွင်းဖျားနာသူများရှိပါက အိမ်တွင်နေထိုင်စေပြီး ကိုဗစ်-၁၉ ရောဂါ လက္ခဏာများ ဖြစ်ပေါ်လာပါက သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်ချုပ်မှူးမှတစ်ဆင့် ကျန်းမာရေးဌာနသို့ ဆက်သွယ်ဆေးကုသမှုခံယူရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသော်လည်း ကာကွယ်ရေးလုပ်ငန်းများကို ဆက်လက်လိုက်နာကြရန် အထက်ပါကြေညာချက်များကို အများပြည်သူမှ တစ်ဦးတစ်ယောက်ချင်းစီ လိုက်နာဆောင်ရွက်ခြင်းဖြင့် ရောဂါထိန်းချုပ်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန် တိုက်တွန်းခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေးနည်းလမ်းများကို လိုက်နာကြရန်နှင့် လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်းကို အများပြည်သူ သိရှိလိုက်နာနိုင်ရန် လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်း သိရပါသည်။

ရူပါမြင့် (ခမောက်ကြီး)