မေတ္တာ ဩဂုတ် ၁၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့တွင် အနာဂတ်မျိုးဆက်သစ်ကလေးငယ်များ၊ ကာယ၊ ဉာဏ၊ စာရိတ္တများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်သောအချိန်ကို အကျိုးရှိစွာသုံးချတက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယမန်နေ့နံနက်ပိုင်းက စိတ်ကြိုက်ပန်းချီပြိုင်ပွဲနှင့် အရုပ်ဆက်ပြိုင်ပွဲများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်-၃ ဒေါ်အေးအေးချိုက ကလေးငယ်များအား အသိပညာဗဟုသုတများရရှိစေရန်၊ ပန်းချီပညာ၊ အနုပညာပိုင်းဆိုင်ရာ များအားခံစားတတ်စေရန်၊ လူငယ်လူရွယ်များ အာရုံစူးစိုက်လေ့လာမှုနှင့် ဉာဏ်ရည်ဉာဏ်သွေးများထက်မြက်လာစေရန်၊ ကလေးငယ်များ၏ စိတ်ကူးစိတ်သန်းများဖြင့် သူတို့၏ဘဝရည်မှန်းချက်များကို အကောင်အထည်ဖော်လုပ်ဆောင်တတ်စေရန် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာကြည့်တိုက်အား အကျိုးရှိစွာအသုံးပြုတတ်စေရန် စသည့်ရည်ရွယ်ချက်များကို ရှင်းလင်းပြောပြခဲ့ပြီး ပြိုင်ပွဲကို ဆိတ်ကူးအသင်းတော် Sunday School မှ မူလတန်းအဆင့် ကလေးငယ်များ(၂၃)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး အကောင်းဆုံးပါဝင်ယှဉ်ပြိုင်နိုင်သူများအား အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ကြောင်း သိရသည်။
အေးအေးချို (မေတ္တာ)