သရက်ချောင်း၊ စက်တင်ဘာ ၁ ၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီအဖွဲ့ဝင်များနှင့် မြို့နယ်ကျန်းမာရေးဦးစီဌာနမှ တာဝန်ရှိသူတို့ပူးပေါင်းအဖွဲ့သည် ယနေ့နံနက် ၇ နာရီက အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဦးစီး ဌာနမှ မြို့နယ်အတွင်းရှိ (FDA)မှတားမြစ်ထားသော ဆေးဝါးများနှင့် ဓာတုပစ္စည်းများ ပါဝင်သည့် ဆေးမျိုးစုံဆိုင်များ၊ အလှကုန်ဆိုင်များနှင့် စားသောက်ကုန်များအား ဈေးကွက်အတွင်း ရောင်းချမှု ရှိ/မရှိ ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုသို့စစ်ဆေးရာသို့ အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီ (FDA) တိုင်းဒေကြီး ဦးစီးဌာနမှူး ဒေါ်မေသန်းနိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးကုသဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူဝန်ထမ်းများ ပူးပေါင်းပါဝင်သောအဖွဲ့မှ ဆေးဆိုင်၊ အလှကုန်နှင့် စားသောက်ကုန်များအား စစ်ဆေးခဲ့ကြပြီး တားမြစ်ထားသောဆေးဝါးများနှင့် ဓာတုပစ္စည်း၏ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ အသိပညာပေး ရှင်းလင်းခဲ့ကြကြောင်း သိရသည်။
မျိုးချစ်ဦး(ပြန်/ဆက်)