ပေါက်ခေါင်း သြဂုတ် ၁၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် အတွင်းရှိကျောင်းများတွင် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုများကို အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများ၌ ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့များကဆောင်ရွက်လျက်ရှိရာ ယမန်နေ့က အထက(တောင်လည်)ကျောင်းနှင့် အမက(ရပ်သစ်)ကျောင်းတို့၌ ကျောင်းကျန်းမာရေးလှုပ်ရှားဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပေါက်ခေါင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်မျိုးမြတ်၏ ဦးဆောင်မှုဖြင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများတွင် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု အစီအစဉ်ဖြင့် သြဂုတ်လဒုတိယအပတ်မှစတင်၍ မြို့နယ်ပညာရေးဌာန၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များနှင့်ပူးပေါင်း၍ ကျန်းမာရေးအသိပညာပေးခြင်း၊ ကျောင်းကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ သွားနှင့်ခံတွင်းကျန်းမာရေးနှင့် စနစ်တကျသွားတိုက်ခြင်း၊ ကိုယ်အလေးချိန်နှင့် အရပ်များတိုင်းတာခြင်းတို့အား ဆောင်ရွက်ပေးခြင်း၊ ကျောင်းသား၊ ကျောင်းသူများအား သန်ချဆေးတိုက်ကျွေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)