တနင်္သာရီ ဩဂုတ် ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်တနင်္သာရီမြစ်ရေသည် ယနေ့ သြဂုတ်လ ၁၃ ရက်နေ့ နံနက် ၆နာရီအချိန်က တိုင်းထွာမှုအရ တနင်္သာရီမြို့၏ စိုးရိမ်ရေအမှတ်ဖြစ်သည့် (၁၇)ပေအောက်သို့ (၁၅ပေ၊၂လက်မ ) (၄၆၂.၂၈-cm) အထိ စတင်ပြန်လည်ကျဆင်းနေပြီး နံနက်၉နာရီအချိန်တွင်(၁၄ပေ၊၈လက်မ) (၄၄၆.၉၅- cm) သို့ ဆက်လက်ကျဆင်းနေပြီ ဖြစ်ကြောင်း သိရှိရသည်။
တနင်္သာရီမြို့နယ်အတွင်း သြဂုတ်လဆန်းမှစ၍ မိုးများအဆက်မပြတ်ရွာသွန်းနေမှုကြောင့် တနင်္သာရီမြစ်ရေသည် ဩဂုတ်လ၁၁ ရက်နေ့က တနင်္သာရီမြို့၏ စိုးရိမ်ရေအမှတ် (၁၇ ပေ) (၅၁၈.၁၆-cm)သို့ ရောက်ရှိလာခဲ့ရာ ရေဝင်နစ်မြုပ်ခဲ့သည့် မြို့ပေါ်ရပ်ကွက်ရှိလမ်း များဖြစ်သော ချောင်းကြီးရပ်ကွက်၊တိုးချဲ့ (၂) လမ်း၊ရွှေလိပ်ပြာလမ်း၊ ချောင်းငယ်ရပ်ကွက် ရိပ်သာကျောင်းလမ်း (ကူးတို့ဆိပ်လမ်း)နှင့် သီတာလမ်းဆုံတို့တွင် ရေပြန်လည်ကျဆင်း သွားပြီးဖြစ်ကြောင်းနှင့် မြို့ပေါ်ရပ်ကွက်လမ်း များရေဝင်ခဲ့စဉ် လူ/ တိရစ္ဆာန် ထိခိုက်/ ဒဏ်ရာရ/ သေဆုံးမှုမရှိကြောင်း တနင်္သာရီမြို့၏စိုးရိမ်ရေ အမှတ်မှာ(၁၇ပေ) (၅၁၈.၁၆-cm) ဖြစ်ပြီး၊ အန္တရာယ်ရေအမှတ်မှာ(၂၄ပေ) (၇၃၁.၅၂-cm) ဖြစ်ကြောင်း သိရှိသည်။
ထိန်ဝင်း(ပြန်ဆက်)