မြောင်မြို့တွင် အခြားမြို့နယ်များမှ ဝင်ရောက်လာသည့် ခရီးသွား ပြည်သူများ၏ ကိုယ်ရေး အချက်အလက်များ စာရင်းကောက်ယူ

မြောင်   စက်တင်ဘာ   ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့တွင်  ကိုဗစ်-၁၉ ကူးစက်ရောဂါ   ဆင့်ပွားကူးစက်မှု မရှိစေရေးအတွက် မြို့အဝင် စစ်ဆေး​​ရေး ဂိတ်ထားရှိကာ အခြားမြို့နယ်မှ ဝင်ရောက် လာသူများအား ကိုယ်ရေးအချက်အလက်နှင့် ကျန်းမာရေး စစ်ဆေးမှုများကို   ယနေ့နံနက်(၉) နာရီက  စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

"ကျွန်တော်တို့မြို့နယ်မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မရှိစေရေးအတွက် မြို့အဝင် ဂိတ်မှာ အခြား မြို့ များမှ ဝင်ရောက် လာသူများအား အပူချိန်တိုင်းတာခြင်းနှင့် ကိုယ်ရေးအချက်အလက်   စစ်ဆေးကာ မှတ်တမ်းယူ ဆောင်ရွက်ခြင်း လုပ်ငန်း များ ဆောင်ရွက်နေခြင်းကို အလေးထား ဆောင်ရွက်နေပါတယ်"ဟု  မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယ မြိုနယ် အုပ်ချုပ်ရေးမှူး   ဦးမျိုးဝင်းညွန့်က ပြောပြသည်ကို သိရသည်။

မြောင်မြို့နယ်တွင်  ကိုဗစ် -၁၉ရောဂါ ဆင့်ပွားကူးစက်မှုမရှိစေရေးအတွက် ကိုဗစ်-၁၉ထိန်းချုပ် ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးမြို့နယ်အဆင့် ကော်မတီမှ အထူးအလေးထား   ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

တင်ကိုကို(မြောင်)