ရွှေတောင် မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး တောင်သူအသိပညာပေးကွင်းဆင်း အရှိန်အဟုန်မြင့်ဆောင်ရွက်

 

ရွှေတောင်  ဩဂုတ် ၁၃

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ  ရွှေတောင်မြို့နယ်တွင်  ၂၀၂၂-ခုနှစ်၊ ဩဂုတ်လအတွင်းကျေးရွာ (၁၀) ရွာစိစစ်ရွေးချယ်၍" စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးတောင်သူအသိပညာပေး" ကွင်းဆင်းဆောင်ရွက်ခြင်းကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ  ယမန်နေ့  မွန်းလွဲ (၁)နာရီအချိန်က ကျွဲတလင်းကျေးရွာ အုပ်စု၊   ကျွဲတလင်းကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ  ဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ (ကိုယ်စား) ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးရာဇာလင်း ဦးဆောင်၍ တရုတ်မှော်ရဲစခန်းမှူး၊  မြို့နယ် ကျေးလက်လမ်းဦးစီးမှူး၊  မြို့နယ်စီမံကိန်းဦးစီးမှူး၊ မြို့နယ်မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ် မန်နေဂျာ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးမှူး၊‌ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် သစ်တောဦးစီးဌာန၊ဆည်‌‌မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန တို့မှတာဝန်ရှိသူများလိုက်ပါ၍ သက်ဆိုင်ဌာနအလိုက် ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများအပါအဝင် စိုက်ပျိုး‌​ရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ဒေသခံပြည်သူများသို့ ရှင်းလင်းဆွေးနွေးခြင်း၊ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြပြီး တက်ရောက်လာသော ဒေသခံပြည်သူများကမိမိတို့သိရှိလိုသည်များကို မေးမြန်း ရာသက်ဆိုင်ရာဌာနများက ပြန်လည်ဖြေကြားခဲ့ကြကြောင်း သိရသည်။

ယင်းနောက် တက်ရောက်လာသော ဒေသခံတောင်သူများအား  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ EM ဘိုကာရှီ သဘာဝမြေဩဇာ ပြုလုပ်နည်းအဆင့်ဆင့်၊ မျိုးစပါးဆားရည်စိမ် မျိုးသန့်နည်းများနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ  မွေးမြူရေးခြံဖျန်း ပိုးသတ်ဆေးသုံးစွဲနည်းများကို စုပေါင်းလက်တွေ့သရုပ်ပြမှုများ ပြုလုပ်‌ကာ ရှင်းလင်းပြောကြား ဆောင်ရွက်ခဲ့ကြပြီး ကျေးရွာပြည်သူ (၁၁၆)ဦးခန့်တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် ( ပြန်/ဆက်)