နတ်မောက်မြို့နယ် ပ/ဂွေးချိုကျေးရွာတွင် လုံခြုံရေးနယ်မြေတည်ငြိမ်အေးချမ်းရေး  တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ကျန်းမာရေး ကိစ္စရပ်များဆောင်ရွက်နိုင်ရေးအတွက် ကွင်းဆင်းတွေ့ဆုံပွဲပြုလုပ်

နတ်မောက်  ဩဂုတ်   ၁၃

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် လုံခြုံရေး၊နယ်မြေတည်ငြိမ်အေးချမ်းရေး  တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပညာ ရေး၊ကျန်းမာရေး ကိစ္စရပ်များဆောင်ရွက်နိုင်ရေးအတွက် ကွင်းဆင်းတွေ့ဆုံပွဲ ပြုလုပ်ခြင်းကိုယမန်နေ့နံနက် ၁၀နာရီအချိန်က ပ/ဂွေးချိုကျေးရွာဇေယျ၀တီ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒု-မြို့နယ်အုပ်ချုပ်ရေးမှူးဦးဝေဖြိုးနိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုက စပါး စိုက်ပျိုးရာတွင် မျိုးကောင်းမျိုးသန့်စိုက်ပျိုးကြစေရန်၊ မိုးလယ်တွင် ဆီထွက်သီးနံနေကြာကို အရင် ကထက်တောင်သူများ ပိုမိုစိုက်ပျိုးကြရန်နှင့် သဘာဝမြေဩာဇာနှင့်တရားဝင်ရောင်းချသည့် မြေဩဇာများကိုအသုံးပြုကြရန်စသည့် အသိပညာပေးအကြောင်းအရာများကိုပြောကြားခဲ့ပြီး၊ ရွှေပန်းတောနယ်မြေ ရဲစခန်းမှူး ဒု-ရဲမှူးသက်ဦးက ကျေးရွာအတွင်းမှုခင်းကျဆင်းရေး အသိပညာပေးဟောပြောခဲ့ပြီး မြိုနယ် မီးသတ်တပ်ဖွဲ့မှ ဒု-ဦးစီးမှူးက သဘာဝဘေးအန္တရာယ်အကြောင်း သိကောင်းစရာများကို ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

 အဆိုပါ ဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်ဦးစီးဌာန၊ မြို့နယ် သစ်တောဦးစီးဌာန၊ မြို့နယ်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ် ဖွဲ့တို့နှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ၊ ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြ ကြောင်းသိရသည်။

လှဝင်း