ကျောင်းကုန်း ဩဂုတ် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ ဉာဏစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ပေးခဲ့သည်။
ရှေးဦးစွာ မြန်မာ့ရိုးရာစကားပုံဆက်ပြိုင်ပွဲကျင်းပပေးရာ မြန်မြန်ဆက်နိုင်သူများ၊ မှန်ကန်အောင် ဆက်နိုင်သူများအား လက်ဆောင်ပစ္စည်းများ ပေးခဲ့ကြသည်။ဆက်လက်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပပေးရာ ကျောင်းသား၊ ကျောင်းသူများအတွက် ဗဟုသုတ တိုးပွားစေနိုင်မည်ဖြစ်သည်။
ထို့နောက် စာကြည့်တိုက်ခန်းမ၌ ခင်းကျင်းပြသထားသည့် ပြတိုက်ငယ်(Mini Museum) အား လေ့လာကြည့်ရှုခဲ့ကြပြီး၊ ပြတိုက်ငယ်(Mini Museum)တွင် ကရင်ရိုးရာအသုံး အဆောင် ပစ္စည်းများ၊ ထင်ရှားကျော်ကြားသော စာရေးဆရာကြီးများ၊ နှီးဖြင့်ယက်လုပ်သော လက်မှုပစ္စည်းများ၊ မြေဖြင့်ပြုလုပ်သော လက်မှုပစ္စည်းများ ပြသထားရာ စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)