အုတ်ဖိုမြို့တွင် လူငယ်ရေးရာ  အသိပညာပေးဟောပြောပွဲကျင်းပ

အုတ်ဖို သြဂုတ် ၁၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အ.ထ.က အုတ်ဖိုတွင် မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာ၊ ပညာရေးဌာန နှင့်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ပူးပေါင်း၍ ကလေး သူငယ်အခွင့်အရေးကို ကလေးများ ကိုယ်တိုင် နားလည်သိရှိပြီး ကျရောက်နိုင်သည့် အန္တရာယ်များအား မိမိကိုယ်မိမိကာကွယ်နိုင်ရန် ကလေးသူငယ်အခွင့်အရေးများကို သိရှိလိုက်နာပြီး ကြိုတင်ကာကွယ်ရှောင်ရှားတတ်စေရန်၊ ကိုယ်ကာယကျန်းမာရွှင်လန်းစွာပညာသင်ယူနိုင်စေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် အ.ထ.က အုတ်ဖို ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းကြူမှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ညွန့်ညွန့်စိန်က လူငယ်ရေးရာဆိုင်ရာ သိကောင်းစရာများကို ပြောကြားသည်။ ထို့နောက် မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ် အားကစားမှူးဒေါ်လဲ့လဲ့လွင်က လူငယ်ရေးခေါင်းဆောင်မှုဆိုင်ရာများကို အသိပညာပေးဟောပြောပြီး အားကစားနှင့်ကာယပညာဦးစီးဌာနဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများနှင့် အတူကိုယ်ကာယ လေ့ကျင့်ခန်းများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်သူ