နတ်မောက်မြို့နယ်တွင် မီးဖိုချောင်သုံးဟင်းသီးဟင်းရွက်များ ရာသီမရွေးတစ်နိုင်တစ်ပိုင်စိုက်ပျိုး

နတ်မောက်  ဩဂုတ်   ၁၃

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် မီးဖိုချောင်သုံးဟင်းသီးဟင်းရွက်များ ရာသီမရွေး တစ်နိုင်  တစ်ပိုင်စိုက်ပျိုးလာကြကြောင်း သိရသည်။

“ငယ်ငယ်တုန်းကတော့ နွေရာသီဆိုရွာရဲ့ အနောက်ဘက်ယင်းချောင်းထဲမှာ သဘာ၀ရဲ့အစိုဓာတ်ဖြင့်    အာလူး၊ ခရမ်းချဉ်၊ ကြက်သွန်နီ၊ သခွားရှည်၊ သခွားမွှေး စတဲ့အသီးအနှံတွေစိုက်ကြတာပေါ့ဗျာ၊ ခု တော့  ခေတ်မီနည်းပပညာများတိုးတက်လာတဲ့အခါမှာ (၅/၆) မီးစက်တွေ၊ တစ်ချို့က ဒိုင်းရှင်း (လက်စွဲမီးစက်)တွေနဲ့  ရာသီမရွေး မြေအောက်ရေသွင်းခြင်းစနစ်ဖြင့် မီးဖိုချောင်သုံး ဟင်းသီးဟင်းရွက်များ တစ်နိုင်တစ်ပိုင်စိုက်ပျိုး  လာကြပါတယ်၊ ကျွန်မတို့က ခုဖရုံစိုက်ပျိုးထားပါယ်၊ ဖရုံစိုက်မယ်ဆိုရင် လေးပေပတ်လည်ကျင်းတူးပြီး တစ်ပင်နဲ့တစ်ပင်အကွာ (၃)တောင်ထွာ  ထားပြီး စိုက်ပျိုးရပါတယ်၊ ဖရုံကို အညွန့်စားနဲ့ အသီးစားအဖြစ် စိုက်ပျိုးနိုင်ပြီး လက်ရှိစိုက်ပျိုးထား တာကတော့ ပစ်တိုင်းထောင်အသီးရောင်းရတဲ့ မျိူးစိုက်ပျိုးထားပါတယ်၊ ဇွန်လဆန်းမှာ စိုက်ပျိုးထား တဲ့ ဖရုံများဟာ ခုဆို   အသီးဆွတ်ခူးရောင်းချနေရပါပြီ” ဟုကြူအိုင်ကျေးရွာ မနွဲ့ကပြောသည်။

နတ်မောက်မြို့နယ်ရှိ အင်းကုန်းကျေးရွာ၊ ဘုန်းတော်ပြည့်ကျေးရွာ၊ ကြူအိုင်ကျေးရွာ၊ န-လက္ခုပ္ပင် ကျေးရွာ၊   ကျွဲမင်းကျကျေးရွာများတွင် မီးဖိုချောင်သုံး  ဟင်းသီးဟင်းရွက်များကို ရာသီမရွေး တစ်နိုင်တစ်ပိုင်စိုက်ပျိုး  လျက်ရှိကြောင်း သိရသည်။

မူမူစန်း